CHANNEL MANDALAY
Backdrop
Poster

The Cursed Insatiable Desires

2025 5.3 Horror

Storyline & Overview

Synopsis

Yoo Jae-Myung, Seo Young-Hee တို့လို ဝါရင့်သရုပ်ဆောင်များအပြင် Mamamoo Solar, B1A4 အဖွဲ့ဝင်ဟောင်း Baro, STAYC Sumin, LOVELYZ Seo Ji-Soo, WJSN Eunseo အစရှိတဲ့ အိုင်ဒေါသရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

- ဇာတ်လမ်းအကျဉ်း -

ညစဉ်ညတိုင်း ဘယ်သူမှမသိအောင် တိတ်တဆိတ် ဖွင့်လှစ်လေ့ရှိတဲ့ သရဲတွေကို အရောင်းအဝယ်လုပ်ရာ သရဲဈေး...

လက်ချောင်းလေးတွေနဲ့ မြေခွေးပုံစံ ပြတင်းပေါက်ကို ဖန်တီးလိုက်ရင်တော့ သရဲဈေးတံခါးက ပွင့်လာမှာဖြစ်ပြီးအဲဒီဈေးမှာ အရောင်းအဝယ်လုပ်ခဲ့မိရင်တော့ အဖိုးအခကိုလည်း မလွဲမသွေ ပြန်ပေးဆပ်ရမှာဖြစ်ပါတယ်။

ပိုက်ဆံ၊ အလှအပ၊ ပညာရည်အဆင့်၊ အောင်မြင်မှု မိမိ မပိုင်ဆိုင်နိုင်တဲ့ အရာကိုမှ လောဘတကြီး တပ်မက်နေကြသူများက သရဲဈေးမှာအရောင်းအဝယ်လုပ်မိကြတဲ့အခါမှာတော့...

ဘယ်သူတွေက ကိုယ့်ဝိညာဉ်နဲ့ပါ အလဲအထပ်လုပ်ပြီး လိုချင်တာကို အရယူသွားမှာလဲ....

သူတို့ ပြန်လည်ပေးဆပ်ရမဲ့ အဖိုးအခကရော ဘယ်လောက်တောင်ကြောက်မက်စရာကောင်းနေမလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။