CHANNEL MANDALAY
Backdrop
Poster

Fireflies at El Mozote

2025 8.5 Action

Storyline & Overview

Synopsis

Fireflies at El Mozote (2025)
++++++++++++

ဒီဇာတ်ကားက ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း အယ်လ်ဆာဗေးဒိုး (El Salvador) နိုင်ငံမှာ တကယ်ဖြစ်ပွားခဲ့တဲ့ "El Mozote Massacre" (အယ်လ်မိုဇိုးတေး လူသတ်ပွဲ)ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်...

အယ်လ်မိုဇိုတေး ဆိုတဲ့ ရွာငယ်လေးဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်စွာ သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရပြီး ခဏတာအတွင်းမှာပဲ
ရွာလုံးကျွတ်နီးပါး သွေးချောင်းစီးသွားခဲ့ပါတယ်။
ဒီလို ငရဲခန်းဆန်တဲ့ သွေးစွန်းဖွယ်ရာ ဖြစ်ရပ်ဆိုးကြီးထဲကနေ မေတ္တာတရားတွေ၊ မိသားစုတွေကို ဆုံးရှုံးလိုက်ရပြီး ကံကောင်းထောက်မစွာ
ကပ်လွတ်လာခဲ့သူကတော့ ဟိုဆေးဆိုတဲ့ ၁၀ နှစ်အရွယ် ကလေးငယ်လေးပါ။
ကလေးဘဝရဲ့ လှပတဲ့ အိပ်မက်တွေ၊ ပျော်ရွှင်မှုတွေဟာ ထိုညမှာပဲ ပြာကျသွားခဲ့ရပေမဲ့၊ သူ့ရင်ထဲမှာတော့ တရားမျှတမှုအတွက်
တောက်လောင်နေတဲ့ ကလဲ့စားချေခြင်း မီးပွင့်လေးတွေ အသက်ဝင်လာခဲ့ပါတယ်။

အတိတ်ရဲ့ ဝေဒနာတွေကို ကျောခိုင်းရင်း အမှန်တရားနဲ့ ရင်းနှီးခဲ့ရတဲ့ သွေးကြွေးအတွက် ပြန်လည်တိုက်ပွဲဝင်သွားမယ့် ကလေးငယ်တစ်ယောက်ရဲ့ နာကျင်ဖွယ်ရာ ခရီးစဉ်ကိုဝမ်းနည်းကြေကွဲဖွယ်ရာ၊ စိတ်လှုပ်ရှားဖွယ်ရာ ရိုက်ကူးပုံဖော်ထားပါတယ်....