CHANNEL MANDALAY
Buy VIP
Backdrop
Poster

Orangutan

2026 10 Documentary

Review / Storyline

Orangutan (2026)

Disneynature ကထွက်တဲ့ "Orangutan" က အင်ဒါလို့ခေါ်တဲ့ အိုရန်ဂူတန် အရွယ်ရောက်ခါစ မျောက်ဝံမလေးရဲ့ စွန့်စားခန်းကို Josh Gad narrate လုပ်ထားတဲ့documentary တစ်ပုဒ်ပဲ ဖြစ်ပါတယ်။

တောရိုင်းတိရိစ္ဆာန်တွေရဲ့ ထုံးစံအတိုင်း 9 နှစ်ရှိပြီဖြစ်တဲ့ အင်ဒါက အရွက်ရောက်လာပြီမို့ မိခင်လက်အောက်ကထွက်ပြီး အရှေ့တောင်အာရှတောအုပ်တွေထဲမှာ အခုမှစပြီး တစ်ယောက်တည်း အသက်ရှင်သန်ဖို့ ကြိုးစားရတဲ့ သူ့ခရီးစဉ်တလျှောက်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။

အိုရန်ဂူတန်မျောက်ဝံတွေရဲ့ သဘာဝနဲ့ မိုးသစ်တောတွေထဲက တောရိုင်းတိရိစ္ဆာန်တွေရဲ့ အကြောင်းတွေကို လေ့လာသင်ယူပြီး ဗဟုသုတရမယ့်အပြင် ချစ်ဖို့လည်းကောင်းတဲ့ documentary တစ်ပုဒ်ပဲဖြစ်ပါတယ်။