CHANNEL MANDALAY
Backdrop
Poster

Mockbuster

2026 7.4 Documentary

Storyline & Overview

Synopsis

Mockbuster (2025)

IMDb (7.4/10)

ဒီဇာတ်ကားဟာ သြစတြေးလျ ဒါရိုက်တာ Anthony Frith ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ သူဟာ နာမည်ကျော် အမေရိကန်ရုပ်ရှင်စတူဒီယို The Asylum အတွက် “The Land That Time Forgot” အမည်ရှိ (Mockbuster) တစ်ကားကို ကိုယ်တိုင်ဝင်ရောက်ရိုက်ကူးခဲ့စဉ်က ကြုံတွေ့ခဲ့ရတဲ့ ဒါရိုက်တာ Frith ရဲ့ ရိုက်ကွင်းနောက်ကွယ်က အလွဲအချော်များနဲ့ ရုန်းကန်လှုပ်ရှားမှု အတွေ့အကြုံများကို အမှန်အတိုင်း ပြန်လည်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။
Mockbuster ဆိုတာက Hollywood ကဇာတ်ကားကြီးတွေကို အတုခိုးပြီး ဘတ်ဂျက်နည်းနည်းနဲ့ Copycat ရိုက်ကူးထားတဲ့ဇာတ်ကားတွေကို ခေါ်တာပါ။ဇာတ်လမ်းကတော့ ရုပ်ရှင်လောကထဲမှာ နေရာတစ်နေရာရဖို့ ရုန်းကန်နေရပြီး ကော်ပိုရိတ်ကြော်ငြာဗီဒီယိုတွေပဲ ရိုက်နေရတဲ့ သြစတြေးလျ ဒါရိုက်တာ တစ်ယောက်ဟာ တစ်နေ့မှာ Hollywood က ကားကြီးတွေကို ဘတ်ဂျက်နည်းနည်းနဲ့ Clone ထုတ်လုပ်ပြီး ရောင်းစားတတ်တဲ့ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ The Asylum ရုပ်ရှင်စတူဒီယိုနဲ့ လက်တွဲခွင့်ရခဲ့ပါတယ်။
စတူဒီယိုက သူ့ကို ပေးလိုက်တဲ့ ပရောဂျက်ကတော့ အချိန်ခရီးသွား ဒိုင်နိုဆောရုပ်ရှင် တစ်ကားဖြစ်ပြီး ထူးခြားချက်က ၆ ရက်အတွင်း အပြီးရိုက်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ပါပဲ။ တစ်သက်နဲ့တစ်ကိုယ် ရုပ်ရှင်အရှည်ကြီး တစ်ခါမှမရိုက်ဖူးတဲ့အပြင် ရိုက်ကူးရေးရက် ၆ ရက်ပဲရတဲ့ ဒုက္ခ၊ တိုက်သင်္ဘောအခန်းကို ကားဂိုဒေါင်ရှေ့မှာ အဝတ်စအပြာခံပြီး ရိုက်ရတဲ့ ဆင်းရဲတွင်းတွေကြားထဲမှာ အနုပညာသမားတစ်ယောက် အလုပ်ဖြစ်အောင် ဘယ်လိုရုန်းကန်ရမလဲဆိုတာကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။အဆင့်နိမ့်ရုပ်ရှင်တွေရဲ့ နောက်ကွယ်က ကြိုးစားအားထုတ်မှုတွေကို ဟာသအမြင်နဲ့ ဂုဏ်ပြုထားတာဖြစ်သလို အနုပညာ နဲ့ စီးပွားရေး တိုက်ပွဲဝင်နေရတဲ့ ရုပ်ရှင်လောကရဲ့ သရုပ်မှန်အပြင် အပေါစားရုပ်ရှင်တစ်ကား ဖြစ်ဖို့တောင်ဘယ်လောက်ခက်ခဲသလဲဆိုတာ ကွက်ကွက်ကွင်းကွင်း ဖော်ပြထားပါတယ်။