Balan The Boy 2026 ဉာဏ်ပညာ
ကိစ္စတိုင်းကို မလုပ်ခင်မှာ ဉာဏ်နဲ့ပဲ စဉ်းစားပြီး အကျိုးဆက်အထိ
တွက်ချက်ပြီးမှ လုပ်တတ်တဲ့ ရှာလီ။ သူမ လုပ်ခဲ့တဲ့အကျိုးဆက်ကြောင့်
ထောင်ထဲနေခဲ့ရပြီး သားလေးတစ်ယောက် ဖွားမြင်ခဲ့တယ် ။
ဒီကလေးရှေ့ရေးကြောင့် ထောင်က ထွက်ရအောင်လုပ်ပြီး နေရာဒေသ
အနှံ့နှံ့ကို ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ သူ့အကြောင်း နည်းနည်းသိပြီလို့ ယူဆတာနဲ့ နေရာတွေ
တစ်မြို့ပြီး တစ်မြို့ပြောင်းနေတာပေါ့။
ဒီလိုနဲ့နေလာရင်း အဘွားကြီးတစ်ယောက်ကို ပြုစုပေးရမဲ့ အလုပ်ကို လက်ခံခဲ့တယ် ။
အဘွားကြီးနဲ့ နေလာရင်း သံယောဇဉ်တွယ်လာတော့ အဘွားဖြစ်သူက သူသေခဲ့ရင်
ဒီအိမ်ကြီးမှာပဲ ရှာလီတို့သားအမိ ဆက်နေဖို့ ခွင့်ပြုပေးလိုက်တယ်ပေါ့။
ဒါပေမဲ့ ထင်မထားတဲ့ကိစ္စကတော့ အဘွားကြီးက ခပ်မြန်မြန်ကြီး ဆုံးသွားတာပါ။
သားသမီးတွေက နိုင်ငံခြားမှာမို့ ဒီကိစ္စကို အသိမပေးဘဲ ဒီအိမ်မှာပဲ
ဆက်ကပ်တွယ်နေခဲ့ရာကနေ ရုတ်တရက် သားဖြစ်သူက စပရိုက်စ်အနေနဲ့ အိမ်ပြန်လာမဲ့အပြင်
ရှာလီ ထောင်ထဲမှာ ရန်စရှိဖူးသူတွေပါ လွတ်လာတဲ့အချိန်နဲ့ တိုးမိတဲ့အခါမှာတော့....။