CHANNEL MANDALAY
Buy VIP
Backdrop
Poster

The Kings Warden

2026 8.0 Korean drama

Review / Storyline

နိုင်ငံရေးရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ ဘုရင်ငယ်လေးနဲ့ ရွာသူကြီးတို့ရဲ့ ဝမ်းနည်းစရာ သံယောဇဉ် 💔👑

ဂျိုဆွန်းခေတ် ၁၄၅၇ ခုနှစ်ရဲ့ အေးစက်လှတဲ့ သမိုင်းဝင် ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားတဲ့ "The King's Warden" ရုပ်ရှင်ဇာတ်ကားကြီးအကြောင်း သိပြီးကြပြီလား?

အာဏာလုပွဲတွေကြားထဲ နန်းပလ္လင်ကနေ အချောကိုင်စွန့်လွှတ်လိုက်ရပြီး ဝေးလံခေါင်ဖျားတဲ့ 'ချောင်လျောင်းဖို' ဒေသကို ပြည်နှင်ဒဏ်ခတ်ခံလိုက်ရတဲ့ ဘုရင်ငယ်လေး Danjong (Park Ji-hoon)...

သူ့ကို စောင့်ရှောက်ဖို့ တာဝန်ကျလာခဲ့သူကတော့ အောက်ခြေ ရိုးသားလှတဲ့ ရွာသူကြီး (Yoo Hae-jin) ဘဲ ဖြစ်ပါတယ်။ စိတ်ဒဏ်ရာတွေနဲ့ မည်သူ့ကိုမျှ မယုံကြည်တော့တဲ့ ဘုရင်ငယ်လေးနဲ့ ရွာသူကြီးတို့အကြား တဖြည်းဖြည်း ငြိတွယ်လာတဲ့ အပြန်အလှန် လေးစားမှုနဲ့ သံယောဇဉ်ကြိုး...

ဒါပေမဲ့ နန်းတွင်း အာဏာလုပွဲတွေရဲ့ အငြိုးအတေးက ထိုရွာငယ်လေးဆီ ပြန်လည်ရောက်ရှိလာတဲ့အခါ... ရွာသူကြီးနဲ့ ရွာသားတွေ ဘုရင်ငယ်လေးကို ကာကွယ်နိုင်မလား?

ဝါရင့်သရုပ်ဆောင် Yoo Hae-jin နဲ့ Park Ji-hoon တို့ရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမယ့် ဝမ်းနည်းစရာကောင်းလှတဲ့ သမိုင်းဝင် ဒရမ်မာကားကောင်းတစ်ကား ဖြစ်ပါတယ်။