"မင်းတို့ဆီမှာ အာဏာနဲ့ အင်အားရှိရင်... ငါတို့ဆီမှာတော့ အရှုံးမပေးတဲ့ စိတ်ဓာတ်နဲ့ ကစားကွင်းရှိတယ်!"
1980 ခုနှစ်တွေရဲ့ အိန္ဒိယတောင်ပိုင်း Andhra Pradesh နယ်က ကျေးလက်ဒေသတစ်ခု...။
ရွာသူရွာသားတွေအပေါ် ဖိနှိပ်ချုပ်ချယ်ပြီး အာဏာပြချင်တဲ့ သြဇာကြီး ပြိုင်ဘက်တွေရဲ့ရန်ကနေ မိမိတို့ရဲ့ ဂုဏ်သိက္ခာနဲ့ နယ်မြေကို ကာကွယ်ဖို့အတွက် နည်းလမ်းတစ်ခုပဲ ရှိပါတော့တယ်။ အဲ့ဒါကတော့ "အားကစား" ပါပဲ။
ရွာရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ လူငယ်လေး Peddi (Ram Charan) ဟာ တစ်ရွာလုံးက လူငယ်တွေကို စုစည်းပြီး သူတို့ရဲ့ ဂုဏ်သိက္ခာအတွက်၊ တရားမျှတမှုအတွက် အားကစားကွင်းထဲမှာ ပြိုင်ဘက်တွေကို အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်ရင်း ရွာရဲ့ ဂုဏ်ကို ပြန်လည်ဆယ်ယူဖို့ ကြိုးစားပုံကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ရမှာပါ။